တရားဟောချက်များ

Wednesday, November 21, 2012

ပိုးဒါလီသိန်းတန်ရဲ့သီချင်းလေးဖြစ်ပါတယ်...gospel အတွက် တကယ်ကောင်းတဲ့သီချင်းလေးပါ....နားထောင်ကြည့်ကြပါ...
                                                        
                                                          

""နောက်မကျသေးခင်""

 

Labels:


  VERSE 1
လောကမြေကြီးထဲ လှုပ်ရှားအသက်ရှင်ရင်း
မိနစ်နာရီလေးတွေ တရွေ့ရွေ့နဲ့ ကုန်ဆုံး
ဒို့ရဲ့ နောက်ဆုံးချိန် တစ်နေ့ရောက်ရှိတော့မယ်
ပြန်တွေးကာ စဉ်းစားပါ အို မိတ်ဆွေ
VERSE 2
အသက်ရှင်စဉ်လေးမှာ တမလွန်အတွက် စိတ်ချပြီလား
ဤလောကကမ္ဘာကြီးဟာ ဒို့အတွက် ခဏပါပဲ
ဘ၀ဆီမီးစာ ကုန်ဆုံးသွားပြီးရင်
သင့်ဝိညာဉ် ဘယ်လမ်းသွားမှာလဲ
CHORUS
အချိန်မလွန်ခင် ပြန်(သင်)စဉ်းစား နောက်မကျသေးခင်
ထာဝရလမ်း ရှိသေးတယ်
အချိန်မကုန်ခင် သင်ဆုံးဖြတ် ချစ်တဲ့ မိတ်ဆွေ
သင့်ဝိညာဉ် ဘယ်လမ်းသွားမှာလဲ
အပယ်ငရဲကိုလား ထာဝရသုခဘုံလား
အဖြေမရှိရင် အခက်တွေ့မယ်နော်
VERSE 3
ကိုယ့်အကြံအစည် အပြုအမူ ဘယ်လိုမှ မဖြောင့်မတ်နိုင်ဘူး
ဒါနတွေ သီလနဲ့ ကြိုးစားလည်း မရနိုင်ဘူး
ငရဲကတစ်ပိဿာ တစ်ပဲက ကုသိုလ်
ဒီအတိုင်း ဆက်သွားခဲ့ရင် အပယ်ငရဲကွယ်
VERSE 4
အပြစ်ရဲ့နွံထဲက ရှောင်ခွာပြီး ထွက်သွားလို့လည်း
ကိုယ့်အစွမ်းအကုန်ရှိသမျှ ကြိုးစားလုပ်ကြည့်မနေနဲ့
ဒို့ဝိညာဉ်အသက်တာ ကုန်ဆုံးခြင်းမရှိရန်
ယေရှုသခင်ကို သင်လက်ခံပါ

Friday, October 12, 2012

ထာဝရအသက် Eternal Life - ဆရာစောပက်ထရစ် ဒေသနာ


ထာဝရအသက် Eternal Life
ဆရာစောပက်ထရစ် ဒေသနာ 


ကျွန်တော်တို့ကို ပေးထားတဲ့ သမ္မာကျမ်းစာ၊ ယုံကြည်ကိုးကွယ်တဲ့ ဘုရားသခင်၊ ဒါတွေကို ကြည့်လိုက်တဲ့အခါ ထာဝရဖြစ်ခြင်း ဆိုတာ သိပ်အရေးကြီးပါတယ်။ ထာဝရဆိုတဲ့အရာ အရှေ့တိုင်းဘာသာရပ်များမှာ အတွေးအခေါ်၊အိုင်ဒီယာ မရှိပါဘူး။ သိင်္က္ခာရနဲ့အနိစ္စ၊ ချုပ်ငြိမ်းခြင်း တွေပဲရှိပါတယ်။ မတူပါဘူး။ ထာဝရ ဆိုတဲ့ အရာထဲမှာ ထာဝရအသက်ဆိုတဲ့ အရာက အရေးအကြီးဆုံးဖြစ်ပါတယ်။

လောကမှာ အသက်ရှင်နေပြီး ထာဝရအသက်ဆိုတာ မသိဘူး၊ နားမလည်ဘူး ..ဆိုရင်တော့ ကျန်တာဘာပဲရရ၊ ဘာမှ အဓိပ္ပါယ်မရှိဖြစ်သွားပါမယ်။ ဒါနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း တိတိကျကျ၊ နားလည်စေချင်ပါတယ်။

သခင်ယေရှုလက်ထက်မှာ ဓမ္မဟောင်း နဲ့ ဓမ္မသစ် စပ်ကူး၊ မတ်ကူးကာလ၊ ဓမ္မဟောင်းပြီးသွားတဲ့ မလခိကျမ်းနဲ့ ဓမ္မသစ် ရှင်မသဲကျမ်းစာ အကြား နှစ်ပေါင်း ၄၀၀၊ တိတ်ဆိတ်သောကာလို့ခေါ်တယ်။ ဘာမှ ကျမ်းစာမှတ်တမ်း မရှိဘူး။ ဒါပေမဲ့ ဂျူးလူမျိုး သမိုင်းကြောင်းတွေတော့ ရှိပါတယ်။ ကျမ်းစာမှာတော့ နှစ်ပေါင်း ၄၀၀ ကွာဟသွားပါတယ်။ ဒီ နှစ်ပေါင်း ၄၀၀အတွင်း က္ကုသရေလ (ဂျူးလူမျိုး) တွေ ယုဒဘာသာနဲ့ သွားတဲ့အခါ ဗိမာန်တော်၊ သွန်သင်ချက်၊ ဖာရိရှဲ၊ ဇန္တုကဲတွေ ပေါ်လာပြီး လွှမ်းမိုးသွားတယ်။ နိုင်ငံရေးအနေနဲ့တော့ ရောမအင်ပါယာ အောက်မှာ ကိုလိုနီအဖြစ် အနေအထားပါ။

အဲဒီအခါ သခင်ယေရှု ပေါ်လာတယ်။ သူစတင် သွန်သွန်တဲ့အခါ မတူတော့ဘူး။ အသစ်ဖြစ်လာတယ်။ အဲဒီမှာ ထာဝရအသက်ဆိုတာ ပေါ်လာပြီး၊ မေးစရာမေးခွန်းတွေ အများကြီးဖြစ်လာတယ်။


(1) အရာရှိငယ်တဦးကမေးတယ်။ ထာရ၀အသက်ကို သူမသိ၊ နားမလည်၊ အဲဒီ အရာရှိတဦးကို Rich, Young & Ruler လို့ အင်္ဂလိပ်လို အဓိပ္ပါယ်ရေးတယ်။ သူ့အတွက် ထပ်ပြီးအောင်မြင်ဖို့ နိုင်ငံရေး၊ စီးပွားရေး ကိုမေးရမှာ .. ထာဝရအသက်ကိုပဲမေးတယ်။ သိပ်ကောင်းတဲ့၊ သိပ်အရေးကြီးတဲ့ မေးခွန်းဖြစ်တယ်။ ထာဝရအသက်ရဖို့ ဘာလုပ်ရမလဲ သူမသိဘူးဖြစ်နေပါတယ်။

(2) ကျမ်းတတ်တယောက်သည် အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံအံ့ သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု မေးလျှောက်ခဲ့တယ်။.. သူက အရင်လူနဲ့မတူ၊ ကျမ်းတတ်၊ ကျမ်းစာတွေအများကြီးတတ်တယ်။ ဘာသာရေးသမားဖြစ်ပြီး ကျမ်းစာကို အရေကျိုသောက်ထားတယ်။ သူသိထားလို့ မေးတာမဟုတ် .. ဘယ်သူမှမသိဘူး။ ဓမ္မဟောင်းမှာတော့ နေ့စဉ် ယာဇ်ပူဇော်တယ်။ ဒီခေတ် ဓမ္မသစ်မှာတော့ နောက်ဆုံးပေါ်လာတဲ့ ပရောဖက်ကို ထာဝရအသက်အကြောင်း မေးလာတယ်။

ဂျူးတယောက် ဘာသာရေးကျင့်ဝတ်ထဲမှာနေထိုင်ကြီးထွားလာသူလည်း၊ ထာဝရအသက် မရထားဘူးဆိုတာ သေချာနေပါတယ်။ ဒါကြောင့် ထာဝရအသက်ဆိုတာ နေရင်းထိုင်ရင်း အလိုလိုရထားတဲ့ အရာဆိုတာ မဟုတ်ဘူး။ မွေးကတည်းက ခရစ်ယာန်၊ ခရစ်ယာန် အထူးကုဆရာဝန်နဲ့ပြတယ်။ ခရစ်ယန်လက်သယ်နဲ့မွေးတယ်။ ခရစ်ယာန် တက္ကစီသမားနဲ့ပဲ အဲဒီညမှာ ဆေးရုံသွားတယ်။ ဟုတ်တယ်။ ငယ်ကတည်းက ဘုရားကျောင်းဝန်းထဲမှာဆော့ကစားတယ်။ ခရစ်ယာန်အသိုင်းအ၀ိုင်းနဲ့ ပဲနေထိုင်ခဲ့တယ်။ အဲဒါနဲ့ပဲ ထာဝရအသက် ရသွားရောလား၊ သေသေချာချာ စစ်စစ်ပေါက်ပေါက် မေးစရာဖြစ်လာပါတယ်။

ဒီတော့ ခရစ်ယာန်တယောက် ဘုရာကျောင်းတက်တယ်။ ဆယ်ဖို့တဖို့ထည့်တယ်။ မိရိုးဖလာအရ မွေးကတည်းက ခရစ်ယာန်ဖြစ်တယ်။ ဒါပေမဲ့ ထာဝရအသက်ရဖို့ ဘာလုပ်ရမလဲဆိုတာ သူတို့တတွေ မေးသလို ကိုယ်လဲမေးစရာမလိုဘူးလား။ ငါထာဝရအသက်ရပြီးလား၊ ထာဝရအသက်ရဖို့ ဘာလုပ်ထားပြီလဲ။ ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းဟာ သိပ်အရေးကြီးပါတယ်။


မေးသူအားစိတ်မဆိုးရန်
ဒိနေ့ ကိုယ့်ကိုယ်ကိုမေးမထားရင်၊ သူများကမေးရော။ ထာဝရအသက်ရပြီလား .. မေးတဲ့အခါ ..ဘာဖြစ်သလဲ။   စိတ်ဆိုးတယ် .. အသက်ကြီးတဲ့လူက ပိုစိတ်ဆိုးတယ်။ မင်းကဘာမေးတာလဲ .. ရှုးရှဲနဲ့၊ ငါတို့က ခရစ်ယာန်ဖြစ်တာ အံတိုနေပြီး၊ အသင်းတော်မှာလူကြီး ..ဘာညာ နဲ့။ မေးတာက ရပြီလား ..ဆိုတော့ မင်းတို့မမွေးခင်ကတည်းက ငါတို့ ခရစ်ယာန်ဖြစ်တာကြာပြီး .. ပဲ ဖြေတယ်။ ရပြီးလား ဆိုတဲ့မေးခွန်းကို အဖြေမရှိဘူး။ မဖြေတတ်ဘူး။ ဘာတွေလာမေးနေတာလဲ။  ဒါပေမဲ့ အဲဒီမေးခွန်းဟာ စိတ်ဆိုးစရာကောင်းတဲ့မေးခွန်းလား။ ဒါအရေးကြီးတဲ့ မေးခွန်းပါ။  ရှင်းလင်းတဲ့လူတယောက်အဖို့ ဘာမှ စိတ်ဆိုးစရာအကြောင်းမရှိပါဘူး။ တိကျတဲ့အဖြေမရှိလို့ မေးသူကို စိတ်ဆိုးရတာပါ။

တချို့ကလည်း စိတ်မဆိုးပါဘူး။ ဒီလိုကွဲ့ .. ဆရာတွေကတော့ ပြောတာပဲ။ ဆိုပြီး စကတည်းက မရေမရာ၊ ၀ါးတာတားနဲ့ ဖြေတယ်။ ခရစ်ယာန်သခြိုင်းမှာတော့ သရဲမခြောက်ဘူးလို့တော့ ပြောတာပဲ .. စသဖြင့် စိတ်မဆိုးပဲဖြေသူများလည်း ရှိပါတယ်။ ဒါတွေက သမ္မာတရားမဟုတ်ပါဘူး။ ရပ်တည်တဲ့ အချက်အလက်တွေက တိကျခိုင်လုံတဲ့ အကြောင်းများမဟုတ်ပါ။

ဒီမြန်မာပြည်မှာရှိတဲ့ ခရစ်ယာန် ၅သန်းစလုံးမှာ တိကျတဲ့အဖြေရှိတယ် မထင်ပါဘူး။ သုံးပုံတစ်ပုံလောက် အဖြေသိနားလည်တယ်ဆိုရင် ကျေးဖူးတော်ပါပဲ။ အရေးကြီးသလား မေးရင် .. ဟာ..အဲဒိထက်အရေးကြီးတာ ဘာမှမရှိဘူးလို့ပြောရပါမယ်။ အချို့လည်း ဘာမှမသိပဲ သေသွားမှ၊ ကျန်ရစ်တဲ့မိသားစုက သေသူအတွက် အောက်မေ့သတိရစွာနဲ့ လှုဒါန်းတာမျိုးတွေ လုပ်ကြတာမျိုး ရှိလာတယ်။ ထာဝရအသက်အတွက် စိတ်မချကြပါ။ ပြီးတဲ့လူတော့ ထားပါတော့။  ကျွန်တော်တို့ လက်ရှိအသက်ရှင်နေတဲ့ သူတွေအတွက်တော့ မျှော်လင့်စရာတွေ ရှိသေးတယ်။ ကိုယ်ချစ်တဲ့ ကိုယ်မိသားစုတွေအတွက်လည်း သတိထားဖို့လိုပါတယ်။ သေချာမေး၊ သေချာပြော၊ ဒီထက်အရေးကြီးတဲ့အရာ မရှိဘူး။

ဒါကြောင့် ဒီမေးခွန်းဟာ သူတို့မေးကြသလို၊ ယခုလူတွေလည်း မေးရမယ်။ စိတ်ဝင်စားရမယ် ဖြစ်ပါတယ်။



ဒီကနေ့တော့ ဒီစကားလုံး ထာဝရအသက် ကိုပဲ ဗဟိုပြုမယ်ဖြစ်တယ်။

ငရဲ၊မီးအိုင်သို့
ထာဝရအသက်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ ဘယ်လိုသဘောသဘာဝရှိသလဲ။ (3) အပြစ်တရား၏ အခကား သေခြင်းပေတည်း... ဆိုတယ်။ သေခြင်းပြောတဲ့အခါ ၀ိညာဉ်သေခြင်း၊ ခန္တာသေခြင်း၊ ထာဝရသေခြင်း ဆိုတဲ့ (၃)မျိုးနဲ့ သွားတဲ့အခါမှာ ထာဝရအသက်မရခြင်းဟာ သေခြင်းဆိုတဲ့ ရလဒ်ဖြစ်နေပါတယ်။ ထာဝရအသက်တယ်ဆိုရင်တော့ ဒီသေခြင်းကနေ လွတ်တယ်။ (4) ထာဝရအသက် မရရင် နောက်ဆုံးဘယ်လိုဘ၀မှာ ကြုံတွေ့ရမလဲဆိုတဲ့အရာ ..ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အားမင်းကြီးက၊ ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့်သူ၏ တမန်တို့အဘို့ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှခွါသွားကြလော့။ Eternal Fire ဆိုတဲ့ ထာဝရမီးအိုင်၊ ကမ္ဘာအဆက်ဆက် ပြင်းထန်စွာခံရမယ်။ ထာဝရအသက်မရရင် ထာဝရငရဲမှာ ရောက်မယ်။ ထာဝရအပြစ်ဒဏ် ..ဆိုတာ လွတ်ရက်မရှိဘူး။ ကမ္ဘာအဆက်ဆက်ခံရမယ်။ မပြီးဆုံးနိုင်ဘူး။ မျှော်လင့်ချက် လုံးဝမရှိတော့ဘူး။

ဘာသာတရားတွေကတော့ ငရဲကျလဲ၊ ပြန်လည်လွတ်နိုင်တယ်လို့ မျှော်လင့်ချက်ပေးထားတယ် .. ဒီမှာတော့ လုံးဝမျှော်လင့်ချက်မရှိဘူး။ ငရဲကျပြီဆိုတာနဲ့ ပြီးသွားပြီ။  ဒါကြောင့် အဆုံးအဖြတ်က ထာဝရအသက်ရဖို့ သိပ်အရေးကြီးပါတယ်။

ထာဝရအသက်သို့
အခု ထာဝရအသက်ရဲ့ အပြုသဘောဘက်ကို ပြန်ကြည့်မယ်။ (5)ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ဒီနေရာမှာ ထာဝရအသက်ကို ရစေချင်တယ်။ လောကီသားအပေါင်းတို့ကို မပျက်စီးစေချင်ဘူး။ ဘုရားသခင် ချစ်တယ်။ တန်ဖိုးထားတယ်။ ဒါဘုရားရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထာဝရပျက်စိးခြင်းကို မရောက်စေလိုတဲ့ သဘောကိုတွေ့ရတယ်။ ဒါ ထာဝရအသက်ဆိုတာပါ။ အပြစ်စီရင်ခြင်းကိုလွတ်မြောက်သွားပြီဖြစ်သည်။ တမလွန်အတွက် စီရင်ခံရဖို့ မရှိတော့ဘူး။ တချို့လည်း မသိမသာတဲ့ ငရဲများကျမလား လို့ သံသယရှိမယ်။ ဒါကြောင့် ငရဲဆိုတဲ့အရာ လုံးဝစဉ်းစားစရာမရှိတော့ပါ။

ဝိညာဉ်သေသူများ အသစ်တဖန်မွေးဖွားခြင်းရရှိသွားတယ်။ ၀ိညာဉ်အသက်ပြန်လည်ရရှိသွားခြင်းဖြစ်တယ်။

ယော ၁၇း၃  ထာဝရအသက်ရထားရင် ခမည်းတော်၊ သားတော် ၂ပါးစလုံးနဲ့ သိကြွမ်း၊ ရင်းနှီးခြင်း ရှိပါတယ်။ ထာဝရအသက်ရတာနဲ့ ဘုရားနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။


မေးစရာတခုရှိတယ်။

သမ္မာကျမ်းစာရဲ့ အချုပ်ကိုသိဖို့ လိုပါတယ်။ သူများမေးရင် ကျမ်းစာမှာ အများကြီးပါတယ်။ စုံနေတာပဲ .. ဖြေလို့မဖြစ်ပါ။ ဒိကနေ့ ကျမ်းစာတအုပ်လုံးက အဓိက ယော ၂၀း၃၁ (6) ယေရှုခရစ်တော်ကိုလျှင် ထာဝရအသက်ကို ရမဲ့အကြောင်းဖြစ်တယ်။ အနှစ်ချုပ် အဓိကကျမ်းပိုဒ်ဖြစ်ပါတယ်။

ခရစ်ယာန် ဂိုဏ်ဂဏများရဲ့ ကွဲပြားချက်များ၊ သွန်သင်ချက်များဟာ ဒုတိယအခန်းမှာရှိပါတယ်။ အဓိကအချက်ဟာ ထာဝရအသက်အကြောင်းပဲဖြစ်ပါတယ်။

ထာဝရအသက်၊ (3) အပြစ်သားရဲ့အဖိုးအခဟာ သေခြင်းဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အခမဲ့လက်ဆောင်က ယေရှုခရစ်အားဖြင့် ထာဝရအသက်ဖြစ်ပါတယ်။ အဲဒိကို ကျေးဇူးတော်လို့ ခေါ်တယ်။ အခမဲ့ဆိုပေမဲ့ တန်ဖိုးကြီးလှပါတယ်။ ၀ယ်ယူခြင်း၊ လုပ်ယူခြင်း၊ ကြိုးစားပေးဆပ်ခြင်း၊ လှုဒါန်းခြင်းပေးခြင်း များနဲ့  ထာဝရအသက်ကို မရပါဘူး။

ကျေးဇူးတော်
ဘုရားကျောင်းတက်၊ သာသနာပြု၊ ပေးလှု လုပ်စရာ  မလိုခြင်း၊ မလိုခြင်း ကို ပြောတာမဟုတ်ပါ။ ထာဝရအသက်ရခြင်း ဟာ ကျေးဇူးတော်သက်သက် ဖြစ်ပါတယ်။ ပေးလှုခြင်း၊ ကျမ်းတတ်ခြင်း  ..စသည်တို့နဲ့လုံးဝမဆိုင်ပါ.. Amazing Grace သီချင်းအတိုင်း ကျေးဇူးတော် သက်သက်ဖြင့် ထာဝရအသက်ကို ရခြင်းဖြစ်တယ်။ အရေးကြီးဆုံး သဘော သဘာဝဖြစ်ပါတယ်။

ယော ၆း၆၈  (7) သခင်ယေရှုက ကောင်ကင်မှ မာနမုန်စားသော ဘိုးဘွားများအကြောင်းမှာ ငါ့အသွေး၊ငါ့အသားကို စားသုံးရန် ပြောတဲ့အခါ လူအများ နားမလည်ပဲ၊ ရှောင်ဖယ် ထွက်သွားကြသည်။ တပည့်တော်များကို ယေရှုကမေးသောအခါ  ပေတရုက ထာဝရအသက်မှာ ကိုယ်တော်ထံတွင်သာရှိတယ် လို့ဖြေပါတယ်။ တိကျပြက်သားတဲ့ ငါ့ဆီမှာ ထာဝရအသက်ရှိတယ် ..လို့ အပြက်ပြောခဲ့ပါတယ်။ ထာဝရအသက်ကို သခင်ယေရှုကသာ ပေးနိုင်သူဖြစ်သည်။

ဘာသာမဲ့များ
တချို့လည်း ဘာသာတရားကောင်းတယ်။ ဘယ်ဘာသာလိုက်ရမလဲ လေ့လာကြတယ်။ နှိုင်းယှဉ်မနေပါနဲ့။ ဖတ်မှတ်လေ့လာရင် မကုန်နိုင်ပါ။ ဦးနှောက်သာရှုပ်ပြီး ဘာသာမဲ့အဖြစ်နဲ့ ဖြစ်နေပါတယ်။ ထာဝရအသက်ဆိုတာ ရိုးရိုးရှင်းရှင်းပဲ၊ သခင်ယေရှုဆီမှာ ရှိတယ်။ ဒါပါပဲ။



ခွဲခန့်မှတ်သားပြီး ပေးခြင်မဟုတ်ပါ
လူတယောက်ကို ထာဝရအသက် မရစေတဲ့အကြောင်း၊ ဘုရားသခင်က သူ့ကိုမပေးချင်လို့ ၊ ပေးချင်လို့ ဆိုတာမရှိပါဘူး။ တချို့ကလည်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏ လို့ predestination သွန်သင်ချက်လိုလဲမဟုတ်ပါဘူး။  တချို စပယ်ရှယ်ရွေးကောက်၊ အသုံးပြုတဲ့လူတွေ တယောက်တလေတော့ရှိပါတယ်။ သို့သော် အားလုံးအတွက်တော့ ဘုရားသခင်က သတ်မှတ်မထားပါဘူး။ မိမိနဲ့ပဲဆိုင်ပါတယ်။ လူအားလုံးအတွက် ဘုရားသခင်က ထာဝရအသက်ပေးချင်တယ်။ ရစေချင်တယ်။ ရှိရှိသမျှ မပျက်စီးစေချင်ပါဘူး။ သို့သော် မိမိဆန္ဒက ပိုအရေးကြီးပါတယ်။

ယော ၅း၃၉-၄၀ ကျမ်းစာအားဖြင့် ဂျူးလူမျိုးတွေ ကျမ်းစာကို မွှေနှောက်ဖတ်ကြတယ်။ ထာဝရအသက်ကို ရှာတယ်။ ကယ်တင်ရှင် မေရှိယ ကိုရှာကြတယ်။ ကျမ်းစာထဲမှာ ပါနေပေမဲ့ ဘာသာရေး၊ လူမှုရေးများကြောင့် မမြင်နိုင်ကြ။ သင်တို့သည် ထာဝရအသက်ကို ရဖို့ရာ ငါ့ထံသို့မလာနိုင်ကြ .. ဘုရားသခင်က အတင်းမပေးပါ။ ရချင်တဲ့ ဆန္ဒရှိမှ ပေးမယ်ဖြစ်တယ်။

လူတွေက ထာဝရအသက်ထက်၊ ပိုက်ဆံ၊ ယောင်္ကျား၊ မိန်မ၊ ကလေး ရချင်သူများပဲ များပါတယ်။  ဆုတောင်းချက်အများကြီးတင်ကြပြီး ထာဝရအသက်ရဖို့ ဆုတောင်းချက်မတင်ကြပါ။ ဘုရားသခင်က တခြားအရာများထက် ထာဝရအသက်ကို အရင်ပေးချင်ပါတယ်။

လည်ပင်းခိုင်မာ၊ စိတ်နှလုံးခိုင်မာပြီး ထာဝရအသက်ကို မရနိုင်ဖြစ်ရပါတယ်။


ယုံကြည်ခြင်း
စီးပွားရေး၊ နိုင်ငံရေး နဲ့ ဘာသာရေးသမားများ ကိုပြန်ပြောရင်၊ သူတို့ ထာဝရအသက်ရဖို့ ဘာလုပ်ရမလဲ။ ကြည့်ကြပ်လုပ်ရန် မဟုတ်ပါ။ ရှင်းလင်းတိကျစွာ လုပ်ရမည့်အချက်များရှိသည်။  ရထားသူကလည်း ဘာတွေလုပ်လို့ ရသလဲ၊ မရသေးသူကလည်း ရအောင် ဘာတွေလုပ်ရမည်လဲ ..။

(8) ယောဟန် ၆း၄၇  ငါအမှန်အကန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ ..ရှင်းလင်းနေပါတယ်။ အဲဒီထက်ရှင်းတာ ဘာမှမရှိပါ။ ဘာမှ လုပ်စရာကိုင်စရာမလိုပါ။ ရှုပ်ထွေးမှုမရှိပါ။ အပြက်ပြောထားတာကတော့ ငါ့ကိုယုံကြည်သောသူ ထာဝရအသက်ကိုရ၏ .. ဆိုပါတယ်။ Truely Turely I say .. ဆိုပြီး အမှန်အကန်လို့ ဆိုထားပါတယ်။

အသင်းတော်က သွန်သင်ချက်၊ ပညာတ်ချက်များ၊ သြ၀ါဒများစွာ ထပ်ပေါင်းလိုက်လျှင် ရှုပ်သွားပါမယ်။ ဒါတွေမလုပ်ရတော့ဘူး .. မဆိုလိုပါ။ (9) ဧဖက် ၂း၈-၉ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် လို့ဆိုပါတယ်။ ကယ်တင်ခြင်း ဆိုတာ ထာဝရအသက်ပင်ဖြစ်တယ်။

မည်သူမဆို၊ မည်သည့်လူတန်းစားမဆို ထာဝရအသက်ကို လိုချင်ရင် ရယူနိုင်တဲ့ အရာဖြစ်တယ်။ သခင်ယေရှုကို ယုံကြည်ရင် ထာဝရအသက်ကို ရမှာဖြစ်ပါတယ်။

ယုံတယ်ဆိုရာမှာ သူဘယ်သူလဲ၊ မိမိအတွက် သူဘာလုပ်ပေးသွားသလဲ ..ဆိုတဲ့ (၂)ချက်ပဲ သွားပါတယ်။

(၁) ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်အဖြစ် ယုဲံခြင်းဖြစ်တယ်။ တချို့က ယေရှုကို တမန်တော်၊ ပရောဖက်၊ ဘာသာရေးခေါင်းဆောင်၊ ဘုရားများစွာထဲက ဘုရားတခု စသဖြင့် မြင်ကြပါတယ်။ အဲသလို ရှုပ်ထွေးမမြင်ပဲ ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်အဖြစ် ယုံကြည်ခြင်းဖြစ်တယ်။

(၂) သူဘာလုပ်ပေးခဲ့သလဲ ...။ ဒါဧ၀ံဂေလိတရားဖြစ်တယ်။ ကျမ်းစာလာသည်ကား ငါတို့အပြစ်များအတွက် ကားတိုင်မှာအသေခံတယ်။ သေပြီး၃ရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်တယ်။


ဒီ(၂)ချက်ပါပဲ။ ဒါကိုယုံရပါမယ်။ ဘာခက်သလဲ..ဘာမှမခက်ပါဘူး။

ခုနပြောသွားတဲ့ အရာရှိ၊ ကြွယ်ဝချမ်းသာသူ၊ ဘာသာရေးခေါင်းဆောင် .. စတဲ့သူတွေ ဒီ(၂)ချက်ကို နားမလည်ကြဘူး။ ဒီကနေ့ ကျေးဇူးတော်ကြောင့် ရှင်းလင်းတဲ့အဖြေကို ကျွန်တော်တို့ ရပါတယ်။ သခင်ယေရှုကို ရှင်းလင်းစွာယုံတယ်။ ဒါဆို ထာဝရအသက်ကို ရတယ်။

သခင်ယေရှုက ရမယ်၊ ရနိုင်တယ်၊ ရဖို့အခွင့်အလမ်းပွင့်နေတယ်လို့ ပြောသလား၊ ... ရ၏ .. လို့ တိကျပြက်သားတဲ့စကားပဲ။ အခုယုံ၊ အခုရမယ် ဆိုပါတယ်။

(10) ငါတို့အား ပေးတော်မူသော ဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ဂတိတော် ပေတည်း ..ဆိုတဲ့ ဘုရားနှုတ်က ပေးတယ်ဆိုတဲ့ ဘုရားကိုယ်တိုင်ဝန်ခံ အာမခံထားပါတယ်။ တချို့ကလည်း သံသယပြန်ဝင်လာတတ်ပါတယ်။ ဒီကတိက ဘာမှ အပြောင်းအလဲ မရှိပါဘူး။ ဖောက်ပြန်၊ရွှေ့လျော့မှု၊ အခြေအနေ၊အချိန်ခါပေါ် မူတည်ပြီး ပေးထားတဲ့ ထာဝရအသက်မဟုတ်ပါ။ ချစ်လို့ ကျေးဇူးတော်ဖြင့် ပေးခြင်းဖြစ်ပါတယ်။

သက်သေ၊ အာမခံချက်မှာ ထာဝရအသက်၏ .. ကို ဘုရားသခင်က
ရောမ ၈း၁၆ ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြသည်ဟု ဝိညာဉ်တော် သည် ငါတို့၏ ဝိညာဉ်နှင့် အတူသက်သေခံတော်မူ၏။ သက်သေမှ အထဲမှာပဲရှိပါသည်။ အပြင်မှ ယော ၅း၁၃ ထိုသူကား အဘယ်သူဖြစ် သည်ကို ရောဂါကင်းသောသူသည် မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ စုဝေးလျက်ရှိသည် ဖြစ်၍ ယေရှုသည် မထင်မရှားထွက်ကြွတော်မူ၏။  .. ဟု ရှင်ယောဟန်ကိုယ်တိုင် လက်ညိုးထိုးပြီး ပြောသကဲ့သို့ ခံစားရန်လိုပါ
တယ်။

ထာဝရအသက်သည် ကိုယ်တိုင်ရထားခြင်းဖြစ်
တယ်။ ကိုယ်တိုင်ရယူခြင်းနှင့်ဆိုင်ပါသည်။ ထာဝရအသက်ကို မိမိကိုယ်တိုင်ရထားခြင်းကို သိရမည်၊ ပြောနိုင်ရမှာ..ဖြစ်တယ်။ ကျွန်တော်တို့ ထာဝရကာလ၊ စိတ်ချမှုရှိတယ်။ အသက်တာပိုင်းတွင် ဘုရားထပ်ပေးဦးမည့်အရာများရှိတဲ့အကြောင်း ခွန်အားပေးလိုပါတယ်။

ဆရာစောပက်ထရစ်
ဒေသနာ 15.02.2009




Reference Verses
(1) ရှင်လုကာ ၁၈း၁၈
အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ ၁၉ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ ၂ဝသင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ မိဘကိုရိုသေစွာပြုလော့ ဟုမိန့်တော်မူလျှင်၊ ၂၁အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှ စ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက်ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။ ၂၂ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့ ဟုမိန့်တော်မူ၏။ ၂၃ထိုသူသည် များစွာသောဥစ္စာကို ရတတ် သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည်နှင့် သွားလေ၏။


(2) လုကာ ၁၀း၂၈
၂၅တရံရောအခါ ကျမ်းတတ်တယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံအံ့ သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု ကိုယ်တော်ကိုစုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊ ၂၆ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေးတော်မူလျှင်၊ ၂၇ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ၂၈ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။

(3) ရောမ ၆း၂၃ အပြစ်တရား၏ အခကား သေခြင်းပေတည်း...


(4) မသဲ၂၀း၄၁
ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အားမင်းကြီးက၊ ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့်သူ၏ တမန်တို့အဘို့ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှခွါသွားကြလော့။ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့မပေး။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိသော အခါ သင်တို့သည်အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌၄င်း၊ ထောင်ထဲမှာနေရသော အခါ၌၄င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊


(5) ယော၃း၁၆
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။


(6) ယော ၂၀း၃၁
ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည် အကြောင်း၊ ဤမျှလောက် ရေးထားလျက်ရှိသတည်း။


(7) ယော ၆း၆၈ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွား ရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသောအသက်ရှင် တော်မူသောဘုရား သခင်၏ သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ် တို့ယုံကြည်သိမှတ် ကြပါသည်ဟု လျှောက်လေ၏။

(8) ယောဟန် ၆း၄၇  ငါအမှန်အကန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။

(9) ဧဖက် ၂း၈-၉ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် လို့ဆိုပါတယ်။ ကယ်တင်ခြင်း ဆိုတာ ထာဝရအသက်ပင်ဖြစ်တယ်။

(10) ၁ယော၂း၂၅  ငါတို့အား ပေးတော်မူသော ဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ဂတိတော် ပေတည်း။

အင်တာနက်မှာ အပြည့်အစုံနားဆင်ရန်လင့်
http://www.sawpatrick.net/eternal-life

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။


  အဆွေ ….. အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံနေရသနည်း?  Samual Soe Lwin .. 
ချစ်သောအဆွေ၏ ပရိဒေ၀ သောက (အို၊နာ၊သေရေး) ဒုက္ခဆင်းရဲရောက်နေရခြင်းသည် တရားသဘောအားဖြင့် ဆင်ခြင်ကြည့်သော် လူသည် မိမိဘ၀ကို မိမိမပိုင်နိုင်၊ မစီမံနိုင်သောကြောင့်သာ လက်လှမ်းမီရာ ဆေးရုံ၊ ဆေးခန်း၊ လောကဓါတ်ပညာ အတိုအထွာတို့မှ အားကိုးရာရလိုရငြား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်နေခြင်းပင်မဟုတ်ပါလား?

“ထက်ရပ်ဘုံတစ်ခွင်နှင့် အောက်ရပ်လူ့ပြည်မှ အပ်ငယ်နှစ်ချောင်း ထိပ်ခြင်းတိုက်ပါသော်မှ လူအဖြစ်ကားရခဲစွတည်း၊ အကယ်လူဖြစ် ဘုရားကိုဖက်ပါမှ မွန်မြတ်ဘ၀ ဆိုအပ်လှ´´ဆိုသော စကားအတိုင်း ရခဲလှသော လူဘ၀တွင် ချစ်သောအဆွေ၏ အားကိုးအားထားပြုရာသည် တဒင်္ဂသာတည်သည့် လောကီဏ္ဍာ၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောကိတ္တိတို့ဖြင့် ဘဝ
ကို အချိန်ကုန်လွန်စေကာ၊ ဖာသိဖာသာဖြင့် ဘ၀ကို ရေစုန်မျောကာ လျှစ်လျှူရှုရန်ကား မသင့်လျှော်ပါလေ။ သေခြင်းတရားအား မကြားနာလိုကြသော်လည်း ရှောင်လွှဲရနိုင်ကောင်းသော အရာမဟုတ်သဖြင့် ပညာနှင့် ပြည့်စုံသော အဆွေသည် အသင့်ပြင်ဆင်ထားရှိရန် လိုအပ်လှပေသည်၊။
လူသည် ဓါတ်ကြီးလေးပါးဖြင့်၎င်း၊ အာရုံငါးပါးတို့ဖြင့်၎င်း၊ လိုတမရ ဒုက္ခဆင်းရဲ ဖျားနာနေကြရခြင်းလား၊ သို့တည်းမဟုတ် ဥတု၊ ဗီဇ၊ ကမ္မ၊ နိယာမ တရားသဘောတို့ကြောင့် ဒုက္ခ ပရိဒေ၀တို့နှင့် ယှဉ်တွဲနေရခြင်းမဟုတ်ပါလား။
တရားရှာကိုယ်မှာတွေ့ဟူ၍ ဆိုနိုင်သော်ငြားလည်း ဘုရားကိုကား ကိုယ်ခန္ဓာမှာရှာ၍ မတွေ့နိုင်ပါလေ။
`အနာနှင့်ဆေးတည့်အောင်ပေး ပျောက်ရေးမခက်ပါ´ ဆိုသည့်အတိုင်း လူ့ဘ၀၏အဖြေသည် ဤလောကတွင် မရှိပေ၊ ဘုရားမှတပါး အားကိုးစရာမရှိခြင်းကြောင့် ဤဒုက္ခတိဘုံတွင် မိဘ၊ ဘိုးဘွားမှအစ ကြီးငယ်မဟူ ကိုယ်စီ အပူဒုက္ခ တို့ဖြင့်ရှိကြပြီး၊ အချို့က မူးယစ်ဆေးဝါး တို့ဖြင့်၎င်း၊ ကာမဂုဏ်စည်းစိမ်တို့ဖြင့်၎င်း၊ သတင်းသီလ၊ ဘာသာတရားကိုင်းရှိုင်းခြင်းတို့ဖြင့်၎င်း ကုစားရန်ကြိုးစားကြသော်လည်း ဧငြိမ်းရာ အစစ်အမှန်ကိုကား မတွေ့ရှိနိုင်ကြပေ။ အကြောင်းမှာ ဘုရားကို ပေလျာယကန်ပြုကာ ပလပ်ထားကြခြင်းကြောင့်ပင်ဖြစ်လေသည်။
ဘုရားဟူသည် မပစ်ပယ်ကောင်းသလို မပြစ်မှားအပ်ပေ၊ အကယ်၍ ပစ်မှားခဲ့သော်ကား မိဘ၊ ဆရာသမားတို့ကို စော်ကားသောအပြစ်တရားမှ ရသောကျိန်ခြင်းထက် ကြီးလေးလှသော ဘုရားစာရေသင့် (ကျိန်ခြင်းခံ)၍ ဘ၀ပင်လယ်တွင် ကမ်းမမြင် လမ်းမမြင်ဘဲ အားကိုးရာမဲ့ ဒုက္ခတို့ကိုသာ အဖေါ်ပြုရချေတော့မည်။ ထို့ကြောင့်လည်း လူသားသင်နှင့် ကျွန်ုပ်တို့သည် ဒုက္ခရောက်ခဲ့ရလေပြီ။ ဤအရာတို့သည် အားလုံးအတွက် ကျွန်ုပ်တို့အဘယ်သို့ ဆက်နွယ်နေကြောင်း မြတ်ဘုရား ကျမ်းဂန်မြတ်တွင် အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။

၁။ သြကာသလောက။

အစအဦး၌ မြတ်ဘုရားရှင်သည် သြကာသ လောကကို သူ၏ ဣဒ္ဓိပါတ်တန်ခိုးတော်ဖြင့် စီရင်ဖန်ဆင်းတော်မူလေ၏။ စကြာဝဠာ၊ နေ၊ လ၊ ကြယ်တာရာတို့မှအစ နေ့နှင့်ညတို့ပါဝင်ခဲ့ပါတယ် ဓမ္မမိတ်ဆွေ၊

၂။ သတ္တလောက။

တဖန်မြတ်ဘုရားရှင်သည် သူ၏ သဗ္ဗညုတဥာဏ်တော်ရှိသည့်အတိုင်း ဦးစွာ ကုန်းမြေ၊ သစ်ပင်၊ ပန်းမာလာတို့ကို စီရင်ပြီးသော် ကြီးငယ်၊ မျိုးစုံ သတ္တ၀ါအပေါင်းတို့ကို စီရင်ဖန်ဆင်းတော်မူလေသည်။ သို့သော် သင်နှင့် ကျွန်ုပ်တို့လူသားတို့ကိုကား ထိုသို့ မပြုဘဲ တမူထူးကဲစွာ ဖန်ဆင်းတော်မူခဲ့လေသည်ကို ချစ်သောဓမ္မအဆွေ သိမြင်စေရန် မြတ်ဘုရားအလိုတော်ရှိတော်မူလေသည်။

၃။ နိစ္စလောက။

ရှင်တော်မြတ်ဘုရားသည် မနုဿဟူ၍ ခေါ်ဆိုကြသော ကျွန်ုပ်တို့ကိုကား ဓါတ်ကြီးလေးပါး (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော)တို့ဖြင့် သာမက ရုပ်ခန္ဓာကို ပြုပြင်ပြီးသော် အသက်မဲ့ ရုပ်သာရှိသေးသော လူသားအား ဇီဝ အသက်တည်းဟူသော နာမ်သက်ကိုပေး၍ အို၊ နာ၊ သေခြင်းကင်းသော လူသားဘ၀ကို ဖန်းဆင်းတော်မူလေသည်။
ထိုလောက သုံးပါးတို့၏ အရှင်မြတ်ဘုရားက လူသားတို့အား ဓမ္မလမ်းစဉ်တစ်ခုကို ချမှတ်ပေးလေသည်။ ၎င်းမှာ ဘုရားစကားတော်နှင့်အညီ နာယူမှတ်သားကာ နေ၊ထိုင်၊ သွားလာစေပြီး မရှိစကား နားဝမှာပင် မကြားရသော ဘ၀ဖြင့် ကောင်းကြီးမင်္ဂလာဖြင့် စစ်မှန်သော လူဘ၀တွင် ဘုရားဖက်၍ အသက်ရှည်ရှည် လိုတရ ဘ၀ဖြင့် နေထိုင်စေတော်မူခဲ့လေသည်။

၎။ အနိစ္စလောက။

“ကဲ ဒါဆို နိစ္စလောကမှ အခုတော့ အနိစ္စလောကဖြစ်လာရခြင်းက ဘာကြောင့်လည်း”ဟူ၍ အဆွေမေးလိုကောင်း မေးပေလိမ့်မည်။
ထိုအရာကိုပင် စာရေးသူကလည်း ဖြေဆိုလိုပေ၏။ အို၊ နာ၊ သေခြင်း မမြဲခြင်းတရားတို့သည် ငါသာလျှင်သခင် ငါသာလျှင်အရှင်ဟူ၍ ဘုရားကို ဖက်ပြိုင်ကာ ဘုရား စာရေ (ကျိန်ခြင်း) သင့်သော မာရ်နတ်မင်း၏ စကားအား ယုံမှတ်၍ ဘုရားကဲ့သို့၎င်း၊ ဘုရားလိုဖြစ်ချင်သောကြောင့် ထိုကနဦး လူသားတို့သည် ဖန်ဆင်းခြင်းရဲ့အရှင်၊ ဖန်ဆင်းသခင်ရဲ့နေရာတွင် ဖန်ဆင်းခံ မာရ်နတ်မင်းကို ရှေ့တန်းတင်မှားမိခြင်းကြောင့် မိဘစာရေသင့်ခြင်းတို့ထက် ကြီးမားသော ဘုရားစာရေသင့်ခြင်းကြောင့် အို၊ နာ၊ သေခြင်း ကင်းသော နိစ္စဘုံသားဘ၀မှသည် ရုတ်ခြည်းပင် အို၊ နာ၊ သေခြင်း၊ ဒုက္ခဆင်းရဲ အတိပြည့်သော အနိစ္စဘုံသို့ရောက်ခဲ့ကြရလေသည်။
ထို့ကြောင့် မိတ်ဆွေ…… အဘယ့်ကြောင့် သင်နှင့် ကျွန်ုပ် ဒုက္ခ၌ ကျင်လည်နေရပါသနည်းဟူမူကား ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ ၊ ဘုရားကို ဘုရားလို မဆည်းကပ်၊ တရားကို တရားလို မမှတ်ယူ ပစ်ပယ်စော်ကားမိသော အကြောင်းတရားအကျိုးဆက်တို့ကြောင့်ပင် ဖြစ်လေတော့သတည်း။

၅။ နိစ္စဘုံသို့သွားရာလမ်း။

ကျွန်ုပ်တို့သည် ဘုရားမဲ့ဝါဒီများယုံကြည်သကဲ့သို့ လူသည် မွေးဖွားခြင်းဖြင့် စကာ သင်္ချိုင်းတွင် လမ်းဆုံးသွားမည့်သူများ မဟုတ်ပေ။
အကြောင်းမှာ လူသည် အပြစ်၏ အကျိုးဆက်ကြောင့် ဤရုပ်ခန္ဓာသည် သေလွန်ရသော်လည်း နာမ်သက်ခန္ဓာကား ပေးတော်မူသော ဘုရားရှင်ထံသို့ တစ်ဖန်ပြန်၍ စစ်ကြောခြင်းကို ခံရပေတော့မည်။ ထို့ကြောင့်လည်း ငယ်စဉ်က ကြားဘူးသော ဓမ္မကဗျာ၌ ပါသောစာစကားလေးအား အလျှဉ်းသင့်၍ ပြောရမည်ဆိုပါက “သေပြီးမုချ မရဏာမင်းထံရောက်ရ”ဆိုသည့်အတိုင်း အမှန် စစ်ကြောခံရပေမည်။
ကောင်းမှုကုသိုလ်၊ အာပါဒ်ဖြေခြင်းတို့သည် လူလူခြင်းတို့ရှေ့တွင် လက်ခံဖွယ်ဟူ၍ ထင်မှတ်ကြသော်လည်း ဘုရားကိုဖက်ပြိုင်၊ ငါသာလျှင် ပဓါန၊ ငါသာလျှင် ငါ့ရဲ့ပဲ့ကိုင်ရှင်ဟူသော“ငါတကောကောသူ (မိစ္ဆာဒိဌိ) ဖြစ်ခဲ့ပါမူ ပြုမိလေသမျ အရာရာအားလုံးတို့သည် သဲထဲရေသွန် (အဟောသိကံ) ဖြစ်ရပေမည်။ ဤကား လူမျိုးရေးနှင့်မဆိုင် ကျွန်ုပ်တို့နှင့် ဘုရားအကြားသာ ဆိုင်လေသည်တကား။
ထို့ကြောင့် အဆွေ ဒုက္ခဆင်းရဲတို့ဖြင့် ပြည့်နှက်နေသော ဤဘ၀တွင် ဘ၀ နာမှုတွေထဲမှာ ထင်ယောင်ယိုးမှား အချိန်ဖြုန်းတီးမနေပဲ ဘ၀နာ စခန်းသို့ ဆိုက်ရောက်ရန် အချိန်ကောင်းသည် ယခုပင်ဖြစ်လေ၏။
“ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ” ကျွန်ုပ်တို့၏ ဘ၀သည်ကား အမှန် ချုပ်ငြိမ်းကာ ဘ၀အသက်ဆီမီးစာ ကုန်ဆုံးသွားနိုင်ပေသည် မဟုတ်ပါလား။
“ဘုရားမှတပါး အားကိုးရာအခြားမရှိ”ဆိုသော စကားအတိုင်း စွန့်ခြင်းကြီးများစွာဖြင့် ကျွန်ုပ်တို့အတွက် “ဇီဝိတဒါန” အသက်တော်ကိုပင် စွန့်လွတ်တော်မူပြီး သေခြင်းမဇ္ဈုမာန်ကို အောင်၍ “နိစ္စထာဝရ”အို၊ နာ၊ သေခြင်းကင်းရာ နန်းအမတ မာဂ်လမ်းကို ဖွင့်ပေးတော်မူသော ယေရှုခရစ်တော်အား မိမိပြုမိလေသမျှ ကာယ၊ ၀စီ၊ မနော အလီလီတို့၏ အပြစ်တို့အား သံဝေဂရလျှက် ၀န်ခံတောင်းပန် လျှောက်ကြားပါက အဆွေသည် ဘုရားစာရေ၊ တရားစာရေ သင့်ခြင်းတို့မှကင်းကာ “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ”ဟူသောဓမ္မသဘောအတိုင်း ဘုရားရဲ့အတွင်းလူဖြစ်ကာ ထိုအရှင်ခရစ်တော်ဘုရား၏ စောင့်ထိန်းပဲ့ပြင် မှုအစ “ဘ၀၏မွန်မြတ်ရခဲလှခြင်း” ဟူသော အနှစ်သာရတို့ကို အမှန်သိမြင်လာကာ ဒိဌကိုယ့်တွေ့ခံစားလာရပေတော့မည်။
ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ဆိုးသောကာလ မရောက်မီ သင့်ကို ဖန်ဆင်းတော်မူသော အရှင် (ဘုရားမြတ်) ကိုအောက်မေ့လော။ ငါ့ကိုခေါ်လော၊ ငါထူးမည်၊ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည် အနန္တ တန်ခိုးရှင် အရိပ်ကိုခိုရလိမ့်မည်ဟူ၍ ကတိပေးတော်မူသော ထိုဘုရားမြတ်အား ယခုပင်ခေါ်ဖိတ်၍ တရားဖက်၍ အမျက်ပြေ၊ ဘုရားဖက်၍ အသက်ရှည်ကာ ဒုက္ခဘုံမှ လွတ်ငြိမ်းနိုင်ကြပါစေသော်………..။
နာမတော်မြတ်၌
SAMUEL SOE LWIN
ခွန့်အားအရဆုံး သီချင်းတစ်ပုဒ်


အလိုတော်ရှိရာပြုတော်မူပါကျူး။ ၂၂၄ ဟေရှာ၊ ၂၉း၁၆
Have Thine own way, Lord 318

၁ အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ကိုယ်တော်ရှင်အိုးထိန်း၊ ကျွန်ုပ်အိုးမြေ၊
ကိုယ်တော်ရှင်မြတ်အား၊ စောင့်နေစဉ်ခါ၊
သဘောတော်ရှိတိုင်း၊ ပုံသွင်းလုပ်ပေး။

၂ အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ယနေ့စုံစမ်း၍စစ်တော်မူပါ။
ရှေ့တော်မှာနှိမ့်ချ၊ ဒူးထောက်စဉ်ခါ၊
မိုးပွင့်ထက်ဖြူအောင်၊ ဆေးတော်မူပါ။

၃ အလိုတော်ရှိရာပြုတော်မူပါ။
ဒုက္ခရောက်သည်ခါ၊ မတော်မူပါ။
တန်ခိုးတော်မဟာ၊ ကိုယ်တော်၌သာ၊
တို့တော်မူပြီးခါ၊ ချမ်းသာပေးပါ။

၎ အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ကိုယ်တော်ရှင်မြတ်သာအုပ်စိုးမူပါ။
ဝိညာဉ်တော်မြတ်နှင့်ပြည့်စေပြီးခါ၊
ခရစ်တော်ဘုရား စိတ်တွင်ကိန်းပါ။
------
HAVE THINE OWN WAY, LORD
Words: Adelaide A. Poll­ard, 1907
Music: “Adelaide,” George C. Steb­bins, 1907


Have Thine own way, Lord! Have Thine own way!
Thou art the Potter, I am the clay.
Mold me and make me after Thy will,
While I am waiting, yielded and still.
Have Thine own way, Lord! Have Thine own way!
Search me and try me, Master, today!
Whiter than snow, Lord, wash me just now,
As in Thy presence humbly I bow.

Have Thine own way, Lord! Have Thine own way!
Wounded and weary, help me, I pray!
Power, all power, surely is Thine!
Touch me and heal me, Savior divine.

Have Thine own way, Lord! Have Thine own way!
Hold o’er my being absolute sway!
Fill with Thy Spirit ’till all shall see
Christ only, always, living in me.

------------
 


ဆုတောင်းခြင်း၏ကောင်းကျိုးမင်္ဂလာ - ဆရာဦးတင်မောင်ထွန်း

 
တရားဒေသနာ
သခင်ခရစ်တော်လောကသို့ကြွလာခြင်းသည် ဖိစီးချုပ်နှောင်ခံနေရမှုအမျိုးမျိုးတို့မှကျွန်ုပ်တို့ကိုကယ်နှုတ်ဖို့ရန်ဖြစ်ပါသည် (လု၊ ၄း ၁၈ - ၁၉)။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖိစီးချုပ်နှောင်ခံရမှုမတူညီပါ။ တချို့ကအကြွေး၏ဖိစီးမှုကိုခံနေကြရသည်။ အချို့က လောဘနောက်လိုက်၍ တပ်မက်မှု အမျိုးမျိုးအောက်တွင် အသက်ရှင်နေကြရသည်။ အချို့က ဆင်းရဲခြင်း၏ဖိစီးမှုကိုခံနေရကြသလို၊ အချို့ကရောဂါ ဝေဒနာ၏ဖိစီးမှုကိုခံနေကြရသည်။ ထိုဖိစီးမှုအမျိုးမျိုးအောက်၌ ကျွန်ခံနေကြရသောသူများကိုကယ်လွှတ်ဖို့ရန် သခင်ယေရှု လောကသို့ကြွလာခြင်းဖြစ်ပါသည်။
ုဘုရားရှင်၏အလိုတော်
နေ့စဉ်ကျွန်ုပ်တို့အသက်ရှင်သောအခါ ဘုရားဝတ်၌မွေ့လျော်၍ ငြိမ်ဝပ်စွာနေနိုင်ကြရန်လည်ကောင်း၊ ကျွန်ုပ်တို့၏တိုင်းနိုင်ငံရှိရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောလူအပေါင်းတို့အတွက်ဆုတောင်းပေးကြရန်လည်းကောင်း၊ ကျွန်ုပ်တို့ အပေါ်ကျေးဇူး ကရုဏာအမျိုးမျိုးပြုတော်မူသောဘုရားရှင်၏ကောင်းမြတ်ခြင်းကိုဆင်ခြင်လျက် ကျေးဇူးတော်ချီးမွမ်း ခြင်းပြုကြရန်လည်းကောင်း၊ ဘုရားရှင်အလိုတော်ရှိတော်မူ၏ (၁တိ၊ ၂း ၁ - ၂)။ ကျွန်ုပ်တို့၏တိုင်းနိုင်ငံ၌ငြိမ်ဝပ်ခြင်းကင်းမဲ့ပါက ဘုရားရှင်ကိုကျွန်ုပ်တို့လွတ်လပ် ငြိမ်သက်အေးချမ်းစွာဝတ်ပြုကိုးကွယ်နိုင်မည်မဟုတ်ပေ။
ဘုရားရှင်သည် ဣသရေလလူများအား တစ်ပတ်တွင်ခြောက်ရကအလုပ်လုပ်စေပြီး ခုနစ်ရက်မြောက်သောနေ့တွင် နားနေ ကာ ဘုရားရှင်မိမိတို့အပေါ်ခြောက်ရက်လုံးလုံးပြုခဲ့သော ကရုဏာကျေးဇူးများကိုဆပ်ခြင်ချီးမွမ်းခြင်းဖြင့် ဝတ်ပြု ကိုးကွယ်ရန်မိန့် တော်မူခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့အပေါ်ပြုခဲ့သောကောင်းမြတ်ခြင်းကို ဆင်ခြင်နိုင်မည်မဟုတ်ပေ။
ဝမ်းမြောက်ဖွယ်သက်သက်
မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏လက်အောက်၌ နှစ်ပေါင်းများစွာချုပ်နှောင်ကျွန်ပြုခံနေရာမှ လွတ်မြောက်မှု ရရှိခဲ့သညမှာ (၅၂)နှစ်တိုင်ရှိခဲ့ပေပြီ။ ဤသည်မှာမြန်မာပြည်သူပြည်သားများအပေါ် ဘုရားရှင်ပြုတော်မူသော ကျေးဇူးများစွာ ထဲမှ တစ်ခုဖြစ်ပေသည်။ ယနေ့ကမ္ဘာနှင့်အဝှမ်းထူးထွေဆန်းပြားသည့် ရောဂါအမျိုးမျိုး၏ဖိစီးမှုကို ကမ္ဘာ့လူသားများခံစားနေ ကြရသည်။ နေမှထွက်ပေါ်လာသည့်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဝေဒနာ၏ ဖိစီးမှုကိုမဆို သခင်ယေရှုအားဖြင့် လွတ်မြောက်ခြင်း အခွင့်ရနိုင်ကြောင့် သတင်းစကားသည် ကျွန်ုပ်တို့အတွက်ဝမ်းမြောက်ဖွယ်သတင်းကောင်းဖြစ်ပေသည်။
ထိုမျှမက လူသားတစ်ဦးချင်းစီ၏ဖြေရှင်း၍မရနိုင်သော ပုဂ္ဂလိကပြဿနာ၊ မိသားစုပြဿနာ၊ စီးပွါးရေးပြဿနာ၊ ပညာရေးပြဿနာ - စသောပြဿနာအမျိုးမျိုးတို့မှလည်းကိုယ်တော်သည်ကယ်လွတ်နိုင်ပါသည်။ မိမိတို့ကြုံတွေ့ခံစားနေရသော ပြဿနာမှလွတ်မြောက်ဖို့ရန် ကိုယ်တော်ထံယုံကြည်ခြင်းဖြင့် ကိုးစားအော်ဟစ်ဆုတောင်း မည်ဆိုပါက ကိုယ်တော်၏ ကယ်လွတ်ခြင်းချမ်းသာကို ယခုအသက်တာ၌ လက်တွေ့ခံစားရပေမည်။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်နီးပါးက လောကသို့ကြွ ဆင်းလာတော်မူသော သခင်ခရစ်တော်ဘုရားသည် ယနေ့အသက်ရှင်လျက်ရှိပေသည်။
ကြိုးစား၍ဆုတောင်းပါ
မင်္ဂလာအကျိုးခံစားဖို့ရန် တမန်တော်ကြီးရှင်ပေါလုက မိမိတို့အမှုဆောင်များအတွက် ကြိုးစား၍ဆုတောင်းခြင်း အမှုကို ပြုရန် ယုံကြည်သူများအားတိုက်တွန်းနှိုးဆော်ထားပါသည် (ရော၊ ၁၅း ၃ဝ)။ ထို့အတူတိုင်းနိုင်ငံ၌ ဘုရားသခင်ခွဲခန့်မှတ်သား၍ ခန့်ထားတော်မူသောခေါင်းဆောင်ကြီးများနှင့် အာဏာပိုင်များအတွက်ကိုလည်းဆုတောင်းပေး ရန် ကိုယ်တော်က မိန့်တော်မူပါ သည်။ တိုင်းပြည်အေးချမ်းသာယာဖို့ တိုင်းပြည်ခေါင်းဆောင်ကြီးများ နိုင်ငံတော်ကိုစီမံခန့်ခွဲ အုပ်ချုပ်ရာတွင် ဘုရားရှင်ဥာဏ်ပညာ ပေးဖို့၊ ကာကွယ်စောင့်မဖို့ ဆုတောင်းပေးရန် အခွင့်အရေးနှင့်တာဝန်ကို ကျွန်ုပ်လက် ဝယ် ဘုရားရှင်အပ်နှံထားပါသည်။
ကျွန်ုပ်တို့ဆုတောင်းပေးခြင်းအားဖြင့် တိုင်းပြည်းအေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်လာပါက ထိုမင်္ဂလာအကျိုးကို ကျွန်ုပ်တို့လညး အတူအမျှဝင်ခံစားကာ ငြိမ်ဝပ်စွာဘုရားဝတ်ကို ပြုနိုင်ကြမည်ဖြစ်ပေသည်။ ထိုမင်္ဂလာကောင်းကျိုး ကိုခံစားဖူးလျှင် နောင်တစ်ချိန်တိုင်းပြည်နှင့်ဆိုင်သောအခက်အခဲအား ဘုရားရှင်ကိုယ်တော်တိုင် ကူညီမဖြေရှင်းပေးမည် ဟူသောစိတ်ချမှုအာမခံချက်ကို ကျွန်ုပ်တို့ရရှိခံစားကြပေမည်။
မြတ်သောပါဝင်မှု
မိတ်သဟာယအမျိုးမျိုး၌ ပါဝင်ကြသည်တွင် ဆုတောင်းမိတ်သဟာယ၌ပါဝင်ခြင်းသည် ထူးမြတ်သောပါဝင်မှုတစ်ခုဖြစ် ပေသည် (ရော၊ ၁၅း၃၁)။ ကျွန်ုပ်တို့အနေဖြင့် အမှုတော်ဆောင်များကိုဖြစ်စေ၊ အခြားသောသူများကိုဖြစ်စေ၊ မည်သည့်အရာမျှ မပေးနိုင်သော်လည်းသူတို့အတွက်ဆုတောင်းခြင်းအမှုကိုမူ ပြုလုပ်ပေးနိုင်ကြပါသည်။
ငွေကြေးမပါသော်လည်း ကျွန်ုပ်တို့ဆုတောင်းပေးခြင်းအားဖြင့် ထိုသူတို့အား ဘုရားရှင်အံ့သြဖွယ်ကောင်းချီးပေး၍ အသုံးပြုခြင်းသက်သေကို ကျွန်ုပ်တို့ပြန်မြင်တွေ့ကြားသိရသည့်အခါ ထိုသူတို့နှင့်အတူ  ဘုရားရှင်၏ ကျေးဇူးတော်ကို ဝမ်းမြောက် စွာချီးမွမ်းကြရပေမည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် သစ္စာရှိစွာဆုတောင်းပတ္ထနာ ပြုပေးခြင်းသည်အောင်မြင်မှုအကျိုးရလဒ်ကိုခံစားစေနိုင်သည့်အဖိုးမဖြတ်နိုင်သောပါဝင်မှုဖြစ်ပေသည်။ ထိုကြောင့် ဆုတောင်းခြင်း အမှုကိုအလေးထား၍ အထူးကြိုးစားပြုမူသင့်ပေသည်။
ဘုရားပေးသောဝန်တာ
တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆုတောင်းပေးရန်တောင်းပေးချင်သောဝန်တာစိတ်ကို ကျွန်ုပ်တို့အား ဘုရားသခင်ပေး တော်မူပါသည်။ ကျွန်ုပ်တို့သည် အသွေးအသားနှင့်တည်ဆောက်ထားသောသူများဖြစ်သဖြင့် စာတန်လှည့်စား၍ လဲပြိုခြင်းမှကင်း လွတ်စေဖို့ရန် အပြန်အလှန်ဆုတောင်းပေးသင့်ကြပေသည် (ဖိ၊ ၁း ၁၉ - ၂ဝ)။ ကိုယ်ကာယ၌ ကျန်းမာခြင်းရှိဖို့၊ ဝိညာဉ်အရှိန် တန်ခိုးနှင့်အမှုတော်မြတ်၌ထိရောက်စွာပါဝင်လုပ်ဆောင်နိုင်ဖို့ရန် ဆုတောင်းပေးသင့်သည်။
ကျွန်ုပ်တို့သည် ဘုရားရှင်ထံမှ ကယ်တင်ခြင်းဆု ကျေးဇူးနှင့်အမျိုးမျိုးသော ကောင်းချီးမင်္ဂလာများခံစားရသလို အခြားသော သူများလည်းခံစားနိုင်စေဖို့ရန်လည်းကောင်း၊ တိုင်းပြည် ခေါင်းဆောင် တစ်ဦးစီအတွက် နှင့်တိုင်းပြည့်အေးချမ်း သာယာစေဖို့ရန် လည်းကောင်း၊ အမှုတော်ဆောင် အသီးသီးအမှုတော်မြတ်၌သာ၍ ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ဖို့ရန် ကိုလည်းကောင်း၊ ကြိုးစား၍ ဆုတောင်းပါဝင်ကြမည်ဆိုပါက ဆုတောင်းပေးခြင်း၏ကောင်းကျိုးမင်္ဂလာအဖြာဖြာကို ကျွန်ုပ်တို့ ကိုယ်တိုင်မြင်တွေ့ခံစားရလျက် ဘုရားရှင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာသာ၍ တိုးမွားများပြား လာမည်ဖြစ်ကြောင်း မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။

Rev Dr. U Tin Maung Tun
Ref: 
http://burmesebible.com/sermons/utmt/zg/index.htm

မှတ်ချက်--- ဖတ်သောသူတိုင်း ခွန့်အားရစေဖို့ မုရန် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။ ( ကိုနိုင် )

Andriod phone အတွက် ကျမ်းစာ program

  *** မှတ်ချက်၊၊  ၊၊ ဖုန်းထဲတွင် zawgyi font install ထားမှ
                         မြန်မာစာလုံး ပေါ်နိုင်မည်။ ***
1. အောက်တွင် download လုပ်ရန် ဖိုင်နှစ်ဖိုင် ရှိသည်။ 
   'OpenBibles-15.apk' နှင့် 'Burmese.ont'
 
2. 'Download' လုပ်ပြီး 'OpenBibles-15.apk' file ကို 
    computer မှ phone memory card ထဲသို့ copy ကူးရပါမည်။
 
3. Phone ထဲရှိ 'File Manager' (My Files) ကို ဖွင့်ပါ။
 
4. 'File Manager' ထဲမှ ခုန copy ကူးထားသော
    'OpenBibles-15.apk' file ကို ဖွင့်ပြီး 'install' လုပ်ပါ။

5. Install လုပ်ပြီး ထို 'OpenBibles' programကို ဖွင့်ပြီး ပြန်ပိတ်ပါ။
*** အဘယ့်ကြောင့် ဆိုသော် OpenBibles program ပဲ 

    install လုပ်ပြီး ကျမ်းစာ များ program ထဲ 
    မသွင်းရ သေးသောကြောင့် ***
 

6. အရင် download လုပ်ပြီးသား 'Burmese.ont' file ကို 
    phone memory card ထဲသို့ copy ကူးရန်။
 

7. ထိုဖိုင်ကို ကူးထည့်ရမည့် နေရာမှာ phone memory card ထဲတွင်ရှိသော 
    'OpenBibles\Bible' folder ထဲသို့ ဖြစ်သည်။ ထို folder ထဲသို့ကူးထည့်ပေးပါ။
 

8. ထိုဖိုင်ကို ကူးထည့်ပြီးနောက် 'OpenBibles' program ကို ပြန်ဖွင့်သောအခါ
    မြန်မာကျမ်းစာ ကို သင်၏ ဖုန်းထဲတွင် ဖတ်နိုင်ပေမည်။
 

*** အင်္ဂလိပ် ကျမ်းစာများကို ဖတ်ရှု့လိုပါက 'OpenBibles' program 'Setting\Download' ထဲတွင် 
      download ရယူနိုင်ပါသည်။ ***
 

*** 'OpenBibles' program ကို 'Google Play Store' တွင်လည်း တိုက်ရိုက် download ရယူနိုင်ပါသည်။ ***

Dwnload Link

OpenBibles-15.apk

Burmese.ont 

မူရင်း http://chincherrypan.blogspot.com/p/andriod-phone-caah-program-hi-tanglei.html မှကူးယူဖေါ်ပြပါသည်..။

Thursday, October 11, 2012

ကိုယ်တော် မရှိလျှင် အကျွန်ုပ်မရှိပါ...ကိုယ်တော်သာ အကျွန်ုပ်၏ သခင်... အကျွန်ုပ်၏ ဘုရား...
အကျွန်ုပ်၏ အိုးထိန်း... အကျွန်ုပ်၏ အရှင်သခင်... ကိုယ်တော် မရှိလျှင် အကျွန်ုပ်မရှိပါ...
ကိုယ်တော်ကြောင့်သာ အကျွန်ုပ်ဖြစ်လာရပါ၏... ထို့ကြောင့် ကိုယ်တော်အတွက်
အကျွန်ုပ်ဖြစ်စေတော်မူပါ... ဘယ်အချိန် ဘယ်နေရာမဆို ကိုယ်တော့်အတွက်
အကျွန်ုပ်အဆင်သင့်ဖြစ်ပါ၏... ကိုယ်တော် အသုံးပြုတော်မူပါ...
အဘယ့်ကြောင့်ဆိုသော် ကိုယ်တော် မရှိလျှင် အကျွန်ုပ်မရှိပါ.........
အသက်ရှင်တော်မူသော သခင်ယေရှုနာမ၌......အာမင်.... ( ကိုနိုင် )

ရုပ် နဲ့ နာမ် ပူးတွဲနေတာ လူသားဘ၀ပါ။
ရုပ်ကနာမ်ရှိမှ တန်ဖိုးရှိတာပါ။
နာမ်မရှိတော့တဲ့ရုပ်ကို အသုဘ လို့ခေါ်ပြီးရွာပြင်ထုတ် မြေမြုပ်လိုက်တယ်။
နာမ်ကဘယ်ဘ၀ကိုရောက်သွားပါသလဲ။
တန်ဖိုးရှိတဲ့နာမ်က ထာဝရအတွက်ခရီးဆက်လေရဲ့။
ဒါဖြင့် သင်ယခု ရုပ်အတွက်အလုပ်ရှုပ်နေသလား၊ နာမ်အတွက် ကြိုးကုတ်နေသလား။
ခရစ်ယာန်တွေ ယခုဘ၀အတွက်အချိန်ကုန်မနေနဲ့ ထာဝရအတွက်ရှာဖွေအုံး။
ခရစ်ယာန်မဟုတ်သူတွေ နာမ်ဝိညာဉ်သွားမဲ့လမ်းကိုသိပြီလား။
ဘယ်သူမဆိုသေပြီးရင် ထာဝရ ငရဲနဲ့ ထာဝရ ကောင်းကင်ဘုံ တခုခုပဲ။
                                                                                    ( ဆရာရန်နိုင်ဝင်း )

Wednesday, October 10, 2012


လမ်းမရှိတော့ဘူးဆိုတဲ့အချိန်မှာ
လမ်းကို ပြင်ဆင်ပေးတဲ့သူဟာ
ယေရှုခရစ်တော်တပါးတည်းသာဖြစ်တယ်။

ယေရှုက
“ငါသည်လမ်းခရီးဖြစ်၏၊
သမ္မာတရားလည်းဖြစ်၏။
အသက်လည်းဖြစ်၏။
ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ
ခမည်းတော်ထံသို့မရောက်ရ။”
(ယောဟန် ၁၄း၆)

God is Love. † = ♥ (ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်)




ထိုင်းနိုင်ငံ၊ MCA အသင်းတော်မှ ဆရာများ၏ ဆရားဟောချက်များ ( အပိုင်း ၁ )ကို ထွက်ရှိထားပါသည်။ မကြာမှီ ( အပိုင်း ၂ ) ထွက်ပါတော့မည်။
၁ ယော ၄း ၁၆
            ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူ ခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူ သည်ဘုရားသခင်၌ တည်၏။ ဘုရားသခင် သည်လည်း ထိုသူ၌ တည်တော် မူ၏။  


သင့်ပြဿနာအဖြေမှန်

ချစ်သောဓမ္မမိတ်ဆွေ၊ အ ခု တလော ကျွန်ုပ်တို့သည် မှော်ဘီယုံ ကြည်သူများထံ၊ တစ်အိမ်တက် တစ်
အိမ်ဆင်းသွားခဲ့ပါသည်။ ထိုသူတို့အ ထဲတွင် ပြဿနာ အမျိုးမျိုးရှိကြသည် ကို တွေ့ရပါသည်။ တခိျု့မှာ စားဝတ်နေရေးပြဿနာ၊ တခိျု့မှာ  လင်မယား အကြားပြဿ နာ၊ တခို့်မွာ သားသ မီးမ်ား မလိမၼာမႈျပႆနာ၊  တခို့်မွာ
အမွေဆိုင်ပြဿနာ၊  တခိျု့မှာ ကျန်း မာရေးပြဿနာ၊ တခိျု့မှာ အလုပ်အ ကိုင်နှင့်ဆိုင်သောပြဿနာ စသည့်

စသည့်ပြဿနာအသီးသီးကို ရင်ဆိုင် နေကြရပါသည်။
  ထိုသူတို့၏ပြဿနာများကို ဆုတောင်းပေးရင်း၊ သူတို့ဖြေရှင်း နည်းများကိုလည်း မေးမြန်းလေ့လာ
ခွင့်ရခဲ့ပါသည်။ သူတို့၏ပြဿနာဖြေ ရှင်းနည်းကို ခြုံပြီးပြောရလျှင်၊ ကိုယ့် ပြဿနာကို အခြားသူများအား ပြော
ပြပြီး အကြံဥာဏ်တောင်းဆိုခြင်း၊ ငွေ ရေးကြေးရေးအခက်အခဲရှိသူများ သည်လည်း အသိမိတ်ဆွေများထံ
ငွေချေးခြင်းအားဖြင့် ပြဿနာဖြေ ရှင်းကြခြင်း၊ တခိျု့မှာ ထိုပြဿနာကို ဘုရားသခင်က ဖယ်ရှားပေးဖို့ ဆု
တောင်းရင်း ဘုရားသခင်ထံမှ ဘာ အဖြေမှ မရသည့်အဆုံး၊ဘုရားသခင် ကို စိတ်ကောက်ပြီး၊ ဘုရားကျောင်း
မတက်သူများလည်း ရှိပါသည်။
      ချစ်သောမိတ်ဆွေ၊ သင် ကော မည်သို့သောပြဿနာနှင့် ရင် ဆိုင်နေရပါသနည်း။ အထက်ပါယုံ
ကြည်သူများ၏ပြဿနာများသည် ဆု တောင်းနေကြသော်လည်း မပြေ လည်သည့်အတွက် ကိုယ့်နည်းကိုယ့်
ဟန်ဖြင့် ဖြေရှင်းလိုက်၊ အခြားသူများ ကို အကြံဥာဏ်တောင်းလိုက်နှင့် မ ပြေလည်သည့်အဆုံး၊ ဗေဒင်ဆရာထံရောက်လိုရောက်၊ ပြဿနာမှ ရုန်းမ ထွက်နိုင်ဘဲ၊
 လုံးချာလည်လိုက်နေ သည်ကို တွေ့ရလေသည်။

ချစ်သောဓမ္မမိတ်ဆွေ၊ကျွနု်ပ် လည်း မရင့်ကျက်မှီက ဤအတိုင်းဘဲ ပြဿနာထဲမှာ ချာချာလည်ခဲ့ဘူးပါ
သည်။ ကျွန်ုပ်၏ပြဿနာမှာ ပေတရု ကဲ့သို့ စိတ်မြန်လက်မြန် ဆန္ဒစော သောပြဿနာဖြစ်ပါသည်။ တခါက
အရှင်ယေရှုကို လူတွေလာဖမ်းစဉ်၊ ယေရှုနှင့် အတူပါလာသော သူတို့ သည် ဖြစ်အံ့သောအမှုကို မြင်လျှင်
သခင် အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါ့မလောဟု မေးလျှောက်ပြီး မှ တစ်ယောက်သောသူ (ပေတရု)
သည် ယဇ်ပုရောဟိတ်၏ကျွန်(မာလခု)ကို ခုတ်သဖြင့် လကျာ်နားရွက် ပြတ်လေ၏ (လုကာ၊ ၂၂း၄၉-၅၁)
ပေတရုသည် အရှင်ယေရှုကို ခုတ်ရ ပါ့မလောဟု အခွင့်ပန်သော်လည်း အရှင်ယေရှုထံမှ ဘာတစ်ခုမျှ တုံ့ပြန့်
ခြင်းမရမှီမှာ သူ့ပြဿနာကို ဖြေရှင်း ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည်လည်း မိမိ ပြဿနာကို ဖြေရှင်းခဲ့သကဲ့သို့ ကျွန်ုပ်သည်လည်း မိမိပြဿနာအတွက် ဆု တောင်းပြီး ဘုရားသခင်ထံမှ   အဖြေ မရမှီ၊ ခါးထဲက ဓါးကို ထုတ်ပြီး အစွမ်းပြတတ်သူဖြစ်ပါသည်။

ဤသည်မှာ နှစ်ပေါင်းများ စွာ၊ ကျွန်ုပ်၏ပြဿနာဖြစ်ခဲ့ပါသည်။ ဆုတောင်းပြီး အဖြေမစောင့်ဘဲ၊ မိမိ
ဥာဏ်နှင့် ဖြေရှင်းတတ်သည့်အကျင့် သည် အကျွန်ုပ်၌ ဘိန်းစွဲသလို စွဲနေ ခဲ့ပါသည်။ သို့သော် ပြဿနာဟာ
ပြေလည်လာသလားဟု မေးလျှင် မ ပြေလည်ပါ။ သာ၍ဆိုးလာသည်ကို သာ တွေ့ရပါသည်။ (ဥပမာ)ငွေလို
၍ ဆုတောင်းသောအခါ ဘုရားသ ခင်ထံမှ အဖြေမရမှီ မိတ်ဆွေထံချေး ယူခဲ့လေပြီ။ လတ်တလော ပြေလည်
သယောင်ရှိသော်လည်း တချိန်မှာြွေကးရှင်ကြွေကးဆပ်ဖို့ တောင်းလာ သောအခါ ပြဿနာနှင့်သာ စခန်း
သွားခဲ့ရလေသည်။ ထိုအခါ၊ြွေကး ဟောင်းကို ဆပ်ဖို့ြွေကးသစ်ကို ယူ ရပြန်လေသည်။ ဤသို့ဖြင့် ယုံလည်း
ယုံ၊ ခုန်လည်းခုန်ရင်း ကျွန်ုပ်အသက် တာသည် ပြဿနာအောက်မှာ ပိပြား ခဲ့လေပြီ။

နောက်ဆုံးမှာ ဆုံးဖြတ်ချက် တစ်ခုချခဲ့လေသည်။ ဘာပြဿနာဘဲ ကြုံကြုံ ဆုတောင်းမည်။ အဖြေမရ
မချင်း၊ ဘာတစ်ခုမျှ မလုပ်ဘဲ ငြိမ်ဝပ် စွာနေပါမည်ဟူ၍ ဂတိပြုခဲ့ပါသည်။ ''ငြိမ်ဝပ်လျက်နေလော့၊့၊
ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့''(ဆာ၊ ၄၆း၁ဝ)

ကျွန်ုပ်တို့၏ပြဿနာအရင်း အမြစ်မှာ ဘုရားသခင်ကို ဘုရားသ ခင်ဖြစ်မှန်း မသိခြင်းပင် ဖြစ်လေ
သည်။ ဆိုလိုသည်မှာ ဘုရားသခင် ၏ အစွမ်းတန်ခိုး၊ မေတ္တာဂရုဏာ၊ ဘုရားသခင်၏ဂုဏ်တော်များကို
ခေါင်းသိသိသော်လည်း လက်တွေ့ အသက်တာမှာ မသိကျွမ်းခြင်းပင် ဖြစ်လေသည်။

ချစ်သောမိတ်ဆွေ၊ ဘုရား သခင်ကိုသိကျွမ်းသောသူတို့၏သက် သေခံချက်ကို ကြည့်ပါ။ ယောသပ်
သည် ညီအစ်ကိုတို့၏ မုန်းတီးခြင်းခံ ရသည်။ တွင်းထဲချခြင်း၊ ကျွန်အဖြစ် ရောင်းစားခံရခြင်း၊ သူ့သခင်မ၏မ
တရားစွပ်စွဲခံရခြင်း၊ ထောင်တွင်းအ ကျဉ်းချခံရခြင်း၊ စသည့် ပြဿနာများ ရင်ဆိုင်ရလေသည်။ သို့သော် ယော
သပ်၏တုန့်ပြန်ချက်ကို ကြည့်ပါ။ ''သင်တို့သည် ကျွနု်ပ်ကို ညှင်းဆဲမည်ကြံသော်လည်း၊ဘုရား
သခင်သည် ယနေ့ဖြစ်သည့်အ တိုင်းလူများအသက်ချမ်းသာစေ ခြင်းငှာ ကျေးဇူးပြုမည်ကြံတော်
မူ၏။'' (ကမ္ဘာ၊ ၅ဝး၂ဝ) ''သင်တို့သည် ဤအရပ် သို့ စေလွှတွှတ်ေ်တော်မ်မူသူသည်မဟုတ်၊
ဘုရားသခင်စေလွှတ်တော်မူသ တည်း'' (ကမ္ဘာ၊ ၄၅း၈)
       ယောသပ်သည် ဘုရားသ ခင်၏အလေ့အလာ၊ ဘုရားသခင်၏ အထာကို ပေါက်သောကြောင့် ဤ
ကဲ့သို့ ပြောဆိုနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးသောအရှင်ဖြစ်၍ ထိုအ
ရှင်သည် အရာခပ်သိမ်းတို့သည် မိမိ ကောင်းကျိုးအတွက် ပြုပြင်ပေးနေ သည်ကို ယောသပ်သည် ကောင်းမွန်
စွာ နားလည်သဘောပေါက်ထား သောကြောင့် ဖြစ်လေသည်။ (ရော၊၈း၂၈)

ပရောဖက်ဒံယေလ သက် သေခံချက်ကိုလည်း ဆင်ခြင်ကြည့် ပါ။ လုပ်ဖော်ဆောင်ဖက် အားလုံးက
ဝိုင်းပြီး တိုက်ခိုက်ခြင်းခံနေချိန်မှာ ''မိမိတို့ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာ
သောအားနှင့် ပြုကြလိမ့်မည်''(ဒံ၊ ၁၁း၃၂)
     ပြဿနာနှင့်ကြုံတွေ့သော အခါ၊ ပြဿနာပြေလည်ဖို့ထက် ပြ ဿနာကို ရင်ဆိုင်နိုင်သော ခွန်အား
အစွမ်းသတ္တိလိုနေခြင်းသာ ဖြစ်လေ သည်။ ထိုခွန်အားသည် ဘုရားသခင် နှင့် သိကျွမ်းခြင်းအပေါ်မှာ မူတည်
ကြောင်း ဒံယေလအားဖြင့် သိခွင့်ရ လေပြီ။ ချစ်သောမိတ်ဆွေ၊ ဘုရား သခင်ကို အရှိကိုအရှိအတိုင်း ရှုမြင်
တတ်လေလေ ဘုရားသခင်ကို သိ ကျွမ်းလေလေ ခွန်အားတိုးပွားလေ လေဖြစ်လာလိမ့်မည်။

ဘုရားသခင်ကို သိကျွမ်း သောမောရှေမှာလည်း ပြဿနာ သောင်းခြောက်ထောင်နှင့် ရင်ဆိုင်
တွေ့ကြုံခဲ့ပါသည်။ ''မောရှေက ကိုယ်တော် တိုင်မသွားလျှင်၊ အကျွနု်ပ်တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့်။''
ဟူ၍ ဘုရားသခင်ကိုတောင်း လျှောက်ခဲ့သည်။ (ထွက်၊ ၃၃း၁၅)။
       အကြောင်းမှာ ဤခရီးလမ်း၌ ဘုရား မပါလျှင် ကြောက်စရာများစွာ ရှိ သည်။ ရန်သူ့ဘေး၊ အငတ်ဘေး၊ အ
ချင်းချင်းမညီညွတ်သောဘေးအမျိုး မျိုးရှိသည်။ ဤပြဿနာများ ဖြေရှင်း နိုင်ဘို့၊ ဘုရားမပါလျှင် မဖြစ်နိုင်။
ဘုရားသခင်သာ သူတို့နှင့်အတူပါ လျှင် အရာခပ်သိမ်းပြေလည်မည်ကို မောရှေကောင်းကောင်းသိသည်။
 
ချစ်သောဓမ္မမိတ်ဆွေ၊ အ မှန်မှာ ကျွန်ုပ်တို့ ပြဿနာက ပြဿ နာဖြစ်နေခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့
ပြဿနာအရင်းအမြစ်မှာ ထိုပြဿ နာခပ်သိမ်းတို့ကို ဖြေရှင်းပေးပိုင် သော ပုဂ္ဂိုလ်(သခင်ဘုရား)အား မ
သိကျွမ်းခြင်းပင် ဖြစ်ပါသည်။ သင့် ပြဿနာ၏အဖြေမှာ ယေရှုသခင်ပင် ဖြစ်သတည်း။
      ထို့ကြောင့် ဓမ္မတေးတစ်ခု မှာ ဤသို့စပ်ထားပါသည်။ ကိုယ် တော်ကို လိုပါ၏။ အရှင်ယေရှု၊ နာရီ
မပြတ်လိုသည်။ မစတော်မူ ကိုယ် တော်မြတ်သည် လိုရင်းပင်၊ နာရီ တိုင်း ခိုကိုးရ၊ ခုကောင်းကြီးပေး ကယ်
ချွတ်ရှင်၊ ခြေတော်ရင်းလာ။ ကိုယ် တော်ကို လိုပါ၏။ အလျင်ြွကလာ။ ဒုက္ခ သုခရှိရှိ အနီးနေပါ။

ချစ်သောမိတ်ဆွေ၊ဤဆောင်း ပါးကိုရေးနေစဉ်၊ ကျွန်ုပ်မှာ ဝမ်းကိုက် ပြီး၊ ဝမ်းလျှောခြင်းပြဿနာနှင့် ရင်
ဆိုင်ရလေသည်။ တစ်ညလုံး မအိပ် နိုင်ဘဲ၊ အိမ်သာထဲမှာ ဘုရားသခင် နှင့် လုံးထွေးခဲ့လေသည်။ ထိုအချိန်
မှာ ဝမ်းပိတ်ဆေး ဝယ်ဘို့၊ ဆိုင်တွေ လည်း ပိတ်၊ အိမ်၌လည်း ဆေးမရှိ။ နောက်ဆုံးမှာ ကျွန်ုပ်သည် ဘုရား
သခင်ထံ ဆုတောင်းရာက လွဲ၍ ဘာ မျှမတတ်နိုင်တော့ပါ။ ကိုယ်တော် ဟာ ကြီးမြတ်သောဘုရား၊ ဂရုဏာ
မေတ္တာရှင်ဘုရား၊ အနာရောဂါငြိမ်း စေသောထာဝရဘုရား၊ ကျွန်ုပ်ဝေဒ နာကို ယူတင်ပြီဖြစ်သောကြောင့်
ဂုဏ်တော်ကို ချီးမွမ်းပါ၏။ မကြာပါ။ ဘုရားသခင်၏တန်ခိုးတော်မစမှုဖြင့် ဝမ်းကိုက်ဝေဒနာ သက်သာခွင့်ရခဲ့
လေပြီ။
  ချစ်သောမိတ်ဆွေ၊ ပြဿ နာကို လိုက်ရှင်းနေမည့်အစား၊ ပြ ဿနာအားလုံးကို ဖြေရှင်းပေးနိုင်
သောဘုရားသခင်ထံ တိုးဝင်ချဉ်း ကပ်ကြပါစို့။ ဘုရားသခင်ကို သိကျွမ်း ခြင်း၌ ကြီးပွားကြပါစို့ (၂ပေ၊ ၃း၁၈)။
ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်လာ သောအခါ၊ မိတ်ဆွေ၏ပြဿနာခပ် သိမ်းတို့သည် အောင်မြင်ကျော်လွှားနိုင်ပေမည်။