ဆုတောင်းခြင်း၏ကောင်းကျိုးမင်္ဂလာ - ဆရာဦးတင်မောင်ထွန်း

တရားဒေသနာ
သခင်ခရစ်တော်လောကသို့ကြွလာခြင်းသည်
ဖိစီးချုပ်နှောင်ခံနေရမှုအမျိုးမျိုးတို့မှကျွန်ုပ်တို့ကိုကယ်နှုတ်ဖို့ရန်ဖြစ်ပါသည်
(လု၊ ၄း ၁၈ - ၁၉)။ လူတစ်ဦးနှင့်တစ်ဦးတွင်
ဖိစီးချုပ်နှောင်ခံရမှုမတူညီပါ။ တချို့ကအကြွေး၏ဖိစီးမှုကိုခံနေကြရသည်။
အချို့က လောဘနောက်လိုက်၍ တပ်မက်မှု အမျိုးမျိုးအောက်တွင်
အသက်ရှင်နေကြရသည်။ အချို့က ဆင်းရဲခြင်း၏ဖိစီးမှုကိုခံနေရကြသလို၊
အချို့ကရောဂါ ဝေဒနာ၏ဖိစီးမှုကိုခံနေကြရသည်။ ထိုဖိစီးမှုအမျိုးမျိုးအောက်၌
ကျွန်ခံနေကြရသောသူများကိုကယ်လွှတ်ဖို့ရန် သခင်ယေရှု
လောကသို့ကြွလာခြင်းဖြစ်ပါသည်။
ုဘုရားရှင်၏အလိုတော်
နေ့စဉ်ကျွန်ုပ်တို့အသက်ရှင်သောအခါ
ဘုရားဝတ်၌မွေ့လျော်၍ ငြိမ်ဝပ်စွာနေနိုင်ကြရန်လည်ကောင်း၊
ကျွန်ုပ်တို့၏တိုင်းနိုင်ငံရှိရှင်ဘုရင်မှစ၍
မင်းအာဏာရှိသောလူအပေါင်းတို့အတွက်ဆုတောင်းပေးကြရန်လည်းကောင်း၊ ကျွန်ုပ်တို့
အပေါ်ကျေးဇူး
ကရုဏာအမျိုးမျိုးပြုတော်မူသောဘုရားရှင်၏ကောင်းမြတ်ခြင်းကိုဆင်ခြင်လျက်
ကျေးဇူးတော်ချီးမွမ်း ခြင်းပြုကြရန်လည်းကောင်း၊
ဘုရားရှင်အလိုတော်ရှိတော်မူ၏ (၁တိ၊ ၂း ၁ - ၂)။
ကျွန်ုပ်တို့၏တိုင်းနိုင်ငံ၌ငြိမ်ဝပ်ခြင်းကင်းမဲ့ပါက
ဘုရားရှင်ကိုကျွန်ုပ်တို့လွတ်လပ်
ငြိမ်သက်အေးချမ်းစွာဝတ်ပြုကိုးကွယ်နိုင်မည်မဟုတ်ပေ။
ဘုရားရှင်သည် ဣသရေလလူများအား
တစ်ပတ်တွင်ခြောက်ရကအလုပ်လုပ်စေပြီး ခုနစ်ရက်မြောက်သောနေ့တွင် နားနေ ကာ
ဘုရားရှင်မိမိတို့အပေါ်ခြောက်ရက်လုံးလုံးပြုခဲ့သော
ကရုဏာကျေးဇူးများကိုဆပ်ခြင်ချီးမွမ်းခြင်းဖြင့် ဝတ်ပြု ကိုးကွယ်ရန်မိန့်
တော်မူခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့အပေါ်ပြုခဲ့သောကောင်းမြတ်ခြင်းကို
ဆင်ခြင်နိုင်မည်မဟုတ်ပေ။
ဝမ်းမြောက်ဖွယ်သက်သက်
မြန်မာနိုင်ငံသည်
တိုင်းတစ်ပါး၏လက်အောက်၌ နှစ်ပေါင်းများစွာချုပ်နှောင်ကျွန်ပြုခံနေရာမှ
လွတ်မြောက်မှု ရရှိခဲ့သညမှာ (၅၂)နှစ်တိုင်ရှိခဲ့ပေပြီ။
ဤသည်မှာမြန်မာပြည်သူပြည်သားများအပေါ် ဘုရားရှင်ပြုတော်မူသော
ကျေးဇူးများစွာ ထဲမှ တစ်ခုဖြစ်ပေသည်။
ယနေ့ကမ္ဘာနှင့်အဝှမ်းထူးထွေဆန်းပြားသည့် ရောဂါအမျိုးမျိုး၏ဖိစီးမှုကို
ကမ္ဘာ့လူသားများခံစားနေ ကြရသည်။ နေမှထွက်ပေါ်လာသည့်ရောင်ခြည်ကြောင့်
အရေပြားကင်ဆာဝေဒနာ၏ ဖိစီးမှုကိုမဆို သခင်ယေရှုအားဖြင့် လွတ်မြောက်ခြင်း
အခွင့်ရနိုင်ကြောင့် သတင်းစကားသည်
ကျွန်ုပ်တို့အတွက်ဝမ်းမြောက်ဖွယ်သတင်းကောင်းဖြစ်ပေသည်။
ထိုမျှမက
လူသားတစ်ဦးချင်းစီ၏ဖြေရှင်း၍မရနိုင်သော ပုဂ္ဂလိကပြဿနာ၊ မိသားစုပြဿနာ၊
စီးပွါးရေးပြဿနာ၊ ပညာရေးပြဿနာ -
စသောပြဿနာအမျိုးမျိုးတို့မှလည်းကိုယ်တော်သည်ကယ်လွတ်နိုင်ပါသည်။
မိမိတို့ကြုံတွေ့ခံစားနေရသော ပြဿနာမှလွတ်မြောက်ဖို့ရန်
ကိုယ်တော်ထံယုံကြည်ခြင်းဖြင့် ကိုးစားအော်ဟစ်ဆုတောင်း မည်ဆိုပါက ကိုယ်တော်၏
ကယ်လွတ်ခြင်းချမ်းသာကို ယခုအသက်တာ၌ လက်တွေ့ခံစားရပေမည်။
လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်နီးပါးက လောကသို့ကြွ ဆင်းလာတော်မူသော
သခင်ခရစ်တော်ဘုရားသည် ယနေ့အသက်ရှင်လျက်ရှိပေသည်။
ကြိုးစား၍ဆုတောင်းပါ
မင်္ဂလာအကျိုးခံစားဖို့ရန်
တမန်တော်ကြီးရှင်ပေါလုက မိမိတို့အမှုဆောင်များအတွက်
ကြိုးစား၍ဆုတောင်းခြင်း အမှုကို ပြုရန်
ယုံကြည်သူများအားတိုက်တွန်းနှိုးဆော်ထားပါသည် (ရော၊ ၁၅း ၃ဝ)။
ထို့အတူတိုင်းနိုင်ငံ၌ ဘုရားသခင်ခွဲခန့်မှတ်သား၍
ခန့်ထားတော်မူသောခေါင်းဆောင်ကြီးများနှင့်
အာဏာပိုင်များအတွက်ကိုလည်းဆုတောင်းပေး ရန် ကိုယ်တော်က မိန့်တော်မူပါ သည်။
တိုင်းပြည်အေးချမ်းသာယာဖို့ တိုင်းပြည်ခေါင်းဆောင်ကြီးများ
နိုင်ငံတော်ကိုစီမံခန့်ခွဲ အုပ်ချုပ်ရာတွင် ဘုရားရှင်ဥာဏ်ပညာ ပေးဖို့၊
ကာကွယ်စောင့်မဖို့ ဆုတောင်းပေးရန် အခွင့်အရေးနှင့်တာဝန်ကို ကျွန်ုပ်လက် ဝယ်
ဘုရားရှင်အပ်နှံထားပါသည်။
ကျွန်ုပ်တို့ဆုတောင်းပေးခြင်းအားဖြင့်
တိုင်းပြည်းအေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်လာပါက ထိုမင်္ဂလာအကျိုးကို
ကျွန်ုပ်တို့လညး အတူအမျှဝင်ခံစားကာ ငြိမ်ဝပ်စွာဘုရားဝတ်ကို
ပြုနိုင်ကြမည်ဖြစ်ပေသည်။ ထိုမင်္ဂလာကောင်းကျိုး ကိုခံစားဖူးလျှင်
နောင်တစ်ချိန်တိုင်းပြည်နှင့်ဆိုင်သောအခက်အခဲအား ဘုရားရှင်ကိုယ်တော်တိုင်
ကူညီမဖြေရှင်းပေးမည် ဟူသောစိတ်ချမှုအာမခံချက်ကို
ကျွန်ုပ်တို့ရရှိခံစားကြပေမည်။
မြတ်သောပါဝင်မှု
မိတ်သဟာယအမျိုးမျိုး၌ ပါဝင်ကြသည်တွင်
ဆုတောင်းမိတ်သဟာယ၌ပါဝင်ခြင်းသည် ထူးမြတ်သောပါဝင်မှုတစ်ခုဖြစ် ပေသည် (ရော၊
၁၅း၃၁)။ ကျွန်ုပ်တို့အနေဖြင့် အမှုတော်ဆောင်များကိုဖြစ်စေ၊
အခြားသောသူများကိုဖြစ်စေ၊ မည်သည့်အရာမျှ
မပေးနိုင်သော်လည်းသူတို့အတွက်ဆုတောင်းခြင်းအမှုကိုမူ
ပြုလုပ်ပေးနိုင်ကြပါသည်။
ငွေကြေးမပါသော်လည်း
ကျွန်ုပ်တို့ဆုတောင်းပေးခြင်းအားဖြင့် ထိုသူတို့အား
ဘုရားရှင်အံ့သြဖွယ်ကောင်းချီးပေး၍ အသုံးပြုခြင်းသက်သေကို
ကျွန်ုပ်တို့ပြန်မြင်တွေ့ကြားသိရသည့်အခါ ထိုသူတို့နှင့်အတူ ဘုရားရှင်၏
ကျေးဇူးတော်ကို ဝမ်းမြောက် စွာချီးမွမ်းကြရပေမည်။ သို့ဖြစ်၍
ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် သစ္စာရှိစွာဆုတောင်းပတ္ထနာ
ပြုပေးခြင်းသည်အောင်မြင်မှုအကျိုးရလဒ်ကိုခံစားစေနိုင်သည့်အဖိုးမဖြတ်နိုင်သောပါဝင်မှုဖြစ်ပေသည်။
ထိုကြောင့် ဆုတောင်းခြင်း အမှုကိုအလေးထား၍ အထူးကြိုးစားပြုမူသင့်ပေသည်။
ဘုရားပေးသောဝန်တာ
တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆုတောင်းပေးရန်တောင်းပေးချင်သောဝန်တာစိတ်ကို
ကျွန်ုပ်တို့အား ဘုရားသခင်ပေး တော်မူပါသည်။ ကျွန်ုပ်တို့သည်
အသွေးအသားနှင့်တည်ဆောက်ထားသောသူများဖြစ်သဖြင့် စာတန်လှည့်စား၍
လဲပြိုခြင်းမှကင်း လွတ်စေဖို့ရန် အပြန်အလှန်ဆုတောင်းပေးသင့်ကြပေသည် (ဖိ၊ ၁း
၁၉ - ၂ဝ)။ ကိုယ်ကာယ၌ ကျန်းမာခြင်းရှိဖို့၊ ဝိညာဉ်အရှိန်
တန်ခိုးနှင့်အမှုတော်မြတ်၌ထိရောက်စွာပါဝင်လုပ်ဆောင်နိုင်ဖို့ရန်
ဆုတောင်းပေးသင့်သည်။
ကျွန်ုပ်တို့သည် ဘုရားရှင်ထံမှ
ကယ်တင်ခြင်းဆု ကျေးဇူးနှင့်အမျိုးမျိုးသော ကောင်းချီးမင်္ဂလာများခံစားရသလို
အခြားသော သူများလည်းခံစားနိုင်စေဖို့ရန်လည်းကောင်း၊ တိုင်းပြည်
ခေါင်းဆောင် တစ်ဦးစီအတွက် နှင့်တိုင်းပြည့်အေးချမ်း သာယာစေဖို့ရန်
လည်းကောင်း၊ အမှုတော်ဆောင် အသီးသီးအမှုတော်မြတ်၌သာ၍
ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ဖို့ရန် ကိုလည်းကောင်း၊ ကြိုးစား၍
ဆုတောင်းပါဝင်ကြမည်ဆိုပါက ဆုတောင်းပေးခြင်း၏ကောင်းကျိုးမင်္ဂလာအဖြာဖြာကို
ကျွန်ုပ်တို့ ကိုယ်တိုင်မြင်တွေ့ခံစားရလျက် ဘုရားရှင်၏ ကျေးဇူးတော်ကို
ချီးမွမ်းစရာသာ၍ တိုးမွားများပြား လာမည်ဖြစ်ကြောင်း
မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။
Rev Dr. U Tin Maung Tun
Ref: http://burmesebible.com/sermons/utmt/zg/index.htm
Rev Dr. U Tin Maung Tun
Ref: http://burmesebible.com/sermons/utmt/zg/index.htm
မှတ်ချက်--- ဖတ်သောသူတိုင်း ခွန့်အားရစေဖို့ မုရန် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။ ( ကိုနိုင် )
No comments:
Post a Comment